Showing posts with label GAMBLING. Show all posts
Showing posts with label GAMBLING. Show all posts

Thursday, October 24, 2013

မြ၀တီမြို့မှာ တရားမဝင် အသေးစားလောင်းကစားမှုများ နှိမ်နင်း

မြ၀တီမြို့မှာ တရားမဝင် အသေးစားလောင်းကစားမှုများ နှိမ်နင်း နေ့သစ်၊ အောက်တိုဘာ ၂၄၊ စိုင်းအောင်သူရ ကရင်ပြည်နယ် မြ၀တီမြို့ အာဏာပိုင်တွေ ဦးစီးပြီး တရားမဝင်အလောင်းကစားဒိုင်တွေက သိမ်းဆည်းထားတဲ့ အကြွေစေ့ထဲ့ပြီး ကစားတဲ့ လောင်းကစားစက်ခုံ ၁၉၉ စုံကို အာဏာပိုင်တွေက ဒီနေ့မနက်ပိုင်းမှာ မီးရှီု့ဖျက်ဆီးခြင်း အခမ်းအနားတရပ်ကို ကျင်းပခဲ့ပါတယ်။ မြ၀တီခရိုင်ရဲမှူးကြီးပြောတာက လောင်းကစားကိစ္စတွေရှိနေရင် အကျိုးဆက်က စာရိတ္တပျက်မယ် ဒုစရိုက်မှုတွေပေါများလာတယ့် မြ၀တီမြို့ကို လောင်းကစား ကင်းစင်တဲ့ဒေသတခုဖြစ်ဘို့ အခုလို့ ပြုလုပ်ရတာဖြစ်တယ်လို့ ပြောပါတယ်။ အခုတကြိမ်ဟာ ဒုတိယအကြိမ်ဖြစ်ပြီး အခုနှစ် ၃ လပိုင်းတုန်းကလည်း လောင်းကစားခုံ ၁၁၆ ခုံကို မီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။ မြဝတီမြို့ခံတဦးပြောပြတာကတော့ ... “ကျနော်တို့ကတော့ လောင်းကစားဝိုင်းတွေကို အရေးယူတာကြိုတယ်။ ဒါပေမယ့် နှိမ်နင်းမယ်ဆို မျက်နှာကြီးငယ်မလိုက်ဘဲ တကယ်လုပ်ဖို့လို့တယ်။ ဒီမှာရှိတဲ့ လောင်းကစားဝိုင်းတွေက လက်နက်ကိုင်အဖွဲ့တွေရဲ့ ကျောထောက်နောက်ခံလုပ်ပြီးမှ ဒီလုပ်ငန်းတွေလုပ်ကြတာရှိတယ်။ မြဝတီမြို့ပတ်ဝန်းကျင်မှာ တရားဝင်လိုင်စင်နဲ့လုပ်တာလား တရားမဝင်လား သေချာတော့မသိဘူး၊ လောင်းကစားရုံ အကြီးကြီးတွေ ၂ ရုံလောက်ရှိတယ်။ အဲဒီ ရုံကြီးတွေမှာတော့ ထိုင်းဘက်ကပါ လာကစားကြတယ်။ အဲဒီ ဒိုင်ကြီးတွေရဲ့ နောက်မှာလဲ လက်နက်ကိုင်အဖွဲ့တွေ နယ်ခြားစောင့်တပ်တွေ ပါနေတယ်။ အဲဒါတွေကို ဘယ်လို စိစစ် အရေးယူပေးမှာလဲ။ အဲဒါကြောင့် တကယ်ပျောက်ချင်ရင် မျက်နှာမလိုက်ဖို့ပြောရတာပါ” လို့ ပြောပြသွားပါတယ်။ ဒီကနေ့ပွဲကို ကရင်ပြည်နယ်အစိုးရ ၀န်ကြီတချို့၊ လွှတ်တော်ကိုယ်စားလှယ်တချို့နဲ့ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အလိုက် အာဏာပိုင်တွေ တက်ရောက်ခဲ့ကြတာကို တွေ့ရှိရပါတယ်။ (ဓါတ်ပုံ .. ဆရာပါ)